PROVEN INTERNATIONAL CO.,LTD

No (K8,K9), Thiriyadnar Retails & Wholesales Market, North Okkalapa Township, Yangon, Myanmar.

+959 9 7621 4401
+959 9 7621 4402

Employee Trip - 2023

“ခရီးသွားခြင်းက အပန်းပြေစေပါတယ်။
ခရီးသွားခြင်းက တယောက်အကြောင်း တယောက် ပိုသိလာစေပါတယ်။
ခရီးသွားခြင်းက နားလည်မှုတွေ တိုးစေပါတယ်။
ခရီးသွားခြင်းက စိတ်ဓါတ်ခွန်အားတွေရစေပါတယ်”
ဆိုတဲ့အတိုင်းပါပဲ Proven International မှ ဝန်ထမ်းများကို နှစ်စဉ် နှစ်တိုင်း ပို့ဆောင်ပေးနေကျဖြစ်တဲ့ Annual Trip လေးကို ဒီနှစ်မှာလည်း ထပ်မံ ပို့ဆောင်ပေးခဲ့ပါတယ် 🚞
ဒီနှစ်လေးမှာတော့ အေးချမ်းလှပလှတဲ့ တောင်ပေါ်ဒေသလေးဖြစ်တဲ့ အင်းလေး-ပင်းတယ-ရွာငံ-ကလော သို့ ၄-၄-၂၀၂၃ မှ ၇-၄-၂၀၂၃ ထိ ပို့ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်🌸🌳☘️🌲
ထိုနေ့လေးတွေမှတော့ PI ရဲ့ လုပ်ငန်းခွင်ကို ခတ္တခဏ ရပ်ဆိုင်းပြီး တစ်နှစ်တာလုံး စိတ်ပင်ပန်းမှုတွေ ဖြေဖျောက်ဖို့ အေးချမ်းတဲ့နေရာလေးတွေကို တက်တက်ကြွကြွ ညီညီညွတ်ညွတ် ပျော်ပျော်ရွှင်ရွှင် သွားရောက်လည်ပတ်ခဲ့ကြပါတယ်🏔️
PI ရဲ့ မိသားစုဝင်တွေက PI ရဲ့ ခွန်အားတွေပဲဖြစ်ပါတယ်။ ဒီအလုပ်ကြိုးစားတဲ့ လူသားလေးတွေဟာ ဒီလိုချီးမြှင့်မှုတွေနဲ့ ထိုက်တန်ပါတယ်🏆
အာလုံးလည်း အချင်းချင်း နားလည်မှုတွေ၊ Motivation တွေ၊ ဖေးမမှုတွေ နဲ့ အတူ ပျော်ရွှင်ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်နှစ်တွေမှာလည်း ပျော်ရွှင်စရာကောင်းတဲ့ ခရီးတွေ အတူသွားကြရအောင်လို့ ရှိနေပေးကြပါဦးလို့ 💙❤️💙
ရှေ့ဆက်ပြီးတော့လည်း ဆိုးအတူတူ ကောင်းအတူတူ ဖေးမကူညီကြရင်း “Grow Together With Proven International “ ပါလို့ 🤝
ခရီးစဉ် စ,ဆုံး Enjoy လုပ်ခဲ့ကြတဲ့ PVI ‘ Valued and Beloved team ရဲ့ ပျော်စရာ ပုံရိပ်လေးတွေကို ဝေမျှပေးလိုက်ပါတယ်။ အာလုံးပဲ အပျော်တွေကူးစက်ပြီး ဘဝစိတ်အမောတွေ ပြေပျောက်ပါစေရှင်…