PROVEN INTERNATIONAL CO.,LTD

No (K8,K9), Thiriyadnar Retails & Wholesales Market, North Okkalapa Township, Yangon, Myanmar.

+959 9 7621 4401
+959 9 7621 4402

Proven International 10 Years Anniversary

Proven International ၏ (၁၀) နှစ်ပြည့် အခမ်းအနားကို (၂၀၂၄) ခုနှစ် ဇန်နဝါရီလ (၂၀) ရက်နေ့ တွင် ရန်ကုန်တိုင်းဒေသကြီး ၊ Lotte Hotel တွင် အနယ်နယ်အရပ်မှ Customer များနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည် ။ 

ရှေးဉီးစွာ Proven International ၏ Managing Director ဦးအောင်သူစည် မှအဖွင့် နှုတ်ခွန်းဆက် စကား ပြောကြားပြီး Proven Group of Company မှ CEO ဦးသန်းထိုက်လွင်မှ ဂုဏ်ပြု စကား ပြောကြားခဲ့ပါသည် ။ ထို့နောက် Proven International ၏ (၁၀) နှစ်တာ ဖြတ်သန်းလာခဲ့မှုများကို ပြသခဲ့ပါသည် ။ 

ထို့နောက် (၁၀) နှစ်တာ ကာလအတွင်း လက်တွဲမဖြုတ်ခဲ့ကြသောCustomer များ ဂုဏ်ပြုဆုများ ချီးမြှင့်ခြင်း ရောင်းအာကောင်းဆုံး Customer များအား ဆုချီးမြှင့်ခြင်း များကို ပြုလုပ်ခဲ့ကြပါသည် ။

ဆက်လက်ပြီး ပံ့ပိုးကူညီခဲ့ကြသော Supplier များနှင့် ဝန်ထမ်းများအား ဂုဏ်ပြုဆုမျာပေးအပ်ချီးမြှင့်ခဲ့ကြပါသည် ။ ထို့နောက် (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လှူဒါန်းမှု အတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ရယူခဲ့ပါသည် ။ 

ညနေစာသုံဆေင်နေစဉ်အတွင်တေးသံသာများဖြင့် ဖျော်ဖြေ ခဲ့ပြီး ၊ အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးကြကာ အခမ်းအနားအား ညနေ (၉) နာရီ အချိန်တွင် ပိတ်သိမ်းခဲ့ပါသည် ။