Customer Appreciation Trip – 2022

Customer Incentive Trip - 2022 (Chaung Tha Beach)

Proven International Company မှ နှစ်စဉ်နှစ်တိုင်း ပြုလုပ်နေကျဖြစ်သော ရောင်းအား အကောင်းဆုံး Customer များအား ဂုဏ်ပြုပွဲအား ယခုနှစ်မှာတော့ တမူထူးခြားစွာ ကျင်းပပြုလုပ်ခဲ့ပါတယ်
၂၀၂၂ ခုနှစ်ရဲ့ ဂုဏ်ပြုပွဲကိုတော့ ဇန်နဝါရီလ (၂၈) ရက်နေ့မှ (၃၀) ရက်နေ့အထိ customer များ စိတ်လက်အပန်းဖြေရင်း ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်စေရန် ရည်ရွယ်ပြီး ချောင်းသာကမ်းခြေတွင် ပြုလုပ်ကျင်းပခဲ့ပါတယ်
၂၀၂၁ ခုနှစ်အတွင်းရောင်းအား အကောင်းဆုံး customer များအား ဂုဏ်ပြုပွဲကို ချောင်းသာကမ်းခြေရှိ Golden Beach Hotel တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၂၉) ရက်နေ့ ညနေတွင် ပြုလုပ်ကျင်းပခဲ့ပါသည်
ဂုဏ်ပြုပွဲတွင် Proven International Company ၏ Managing Director မှ အဖွင့်နုတ်ခွမ်းဆက်စကားပြောကြားခြင်း ၊ ရောင်းအားအကောင်းဆုံး ဆုများ ချီးမြှင့်ခြင်း ၊ ကံစမ်းမဲအစီအစဉ်များပြုလုပ်ခြင်း ၊ ပျော်ရွှင်ဖွယ်ရာ သီချင်းသီဆိုခြင်းများဖြင့် ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြပါသည်
ဂုဏ်ပြုပွဲအား တက်ရောက်ချီးမြှင့်ပေးပါသော customer တစ်ယောက်ချင်းစီအား အထူးကျေးဇူးလျက် နောက်နှစ်တွေမှာလည်း ပြန်လည် ဆုံတွေ့ကြမည့် ဟုမျှော်လင့်မိပါတယ်
ကျေးဇူးတင်စွာဖြင့်
Proven International Co.,Ltd