PROVEN INTERNATIONAL CO.,LTD

No (K8,K9), Thiriyadnar Retails & Wholesales Market, North Okkalapa Township, Yangon, Myanmar.

+959 9 7621 4401
+959 9 7621 4402

အရောင်းသမားမှ ဆိုင်များသို့ မဝင်တာ ဘာကြောင့်လဲဟု မေးလာသည့်အခါ ဘယ်လို ဖြေရှင်းပေးရမလဲ

အရောင်းသမားများနှင့် way အပြောင်းအလဲ ရှိသောကြောင့် ဆိုင်ကိုမဝင်မိခြင်း ဖြစ်နိုင်ပါတယ် ၊ ပြန်လည် ဝင်ရောက်ပေးနိုင်ရန် သက်ဆိုင်ရာ way ကို ပြောကြားပေးပါမယ် ။ ကျေးဇူးတင်ပါတယ်

Statement တွင် ရှင်းထားပြီးသား ငွေပမာဏ ထပ်ပါလာပါက ဘယ်လိုဖြေရှင်းပေးရမလဲ

Company Letter Head ပါရှိသော Invoice (သို့) ငွေရပြေစာ ရရှိသလားဟု မေးမြန်းရပါမည် ။ အကယ်၍ ငွေရပြေစာ ရရှိပြီးဖြစ်ပါက ပြန်လည် စစ်ဆေးပေးရန် ပြောကြားပေးရပါမည် ။ ငွေရပြေစာ မရရှိခဲ့လျှင် သက်ဆိုင်ရာ အရောင်းသမားကို မေးမြန်း၍ ပြန်လည် အကြောင်းကြားပေးရပါမည် ။ နောက်တချိန်တွင်လည်း ငွေရှင်းပြီးပါက ကုမ္ပဏီ၏ ငွေရပြေစာအား တောင်းခံပေးပါရန် ပြောကြားပေးရပါမည်

ပစ္စည်းမှာထားတာ ပို့လိုက်ပြီလား ၊ ဘာလို့ မရောက်သေးတာလဲ

ဟုတ်ကဲ့ပါ ပစ္စည်းမှာထားသည့် နေ့ရက်ကတည်းက ပို့လိုက်ပြီးပါပြီ ။ ပို့ပြီးသည့် အကြောင်းကိုလည်း ဖုန်းဆက် အကြောင်းကြားပေးထားပါတယ် ။ ကုန်ကားနှင့် ပို့ပေးရသည် ဖြစ်၍ ကုန်ကားဂိတ်၏ ကြန့်ကြာမှုလည်း ဖြစ်နိုင်ပါတယ် ။ သေချာအောင် ဂိတ်ကို ဖုန်းဆက်ပြီး ပြန်လည် အကြောင်းကြားပေးပါမည် ။

မှာတာက (၅) ပါကင် ပို့ပေးတာ (၂) ပါကင်ပဲ ဖြစ်နေရင် ဘယ်လိုဖြေရှင်းပေးမလဲ

Stock ပြတ်လတ်သွားသည့် အတွက် လူကြီးမင်းတို့ ရောင်းဖို့ အဆင်ပြေရန်အတွက် ပထမဆုံး (၂) ပါကင် ထည့်ပေးလိုက်ခြင်းဖြစ်ပါတယ် ။ ပစ္စည်းရောက်တာနဲ့ ပြန်လည် ပို့ပေးပါမယ် ။

အရောင်းသမားက အော်ဒါမှားတင်တာလည်း ဖြစ်နိုင်ပါတယ် ။ အရောင်းသမားကို ဖုန်းဆက်ပြီး ပြန်လည် အကြောင်းကြာပေးပါမယ်