တစ်နှစ်တာ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ခဲ့ပြီး စိတ်ပန်ပင်းနွမ်းနယ်မှုတွေကို ပြေပျောက်စေရန် Proven International Co.,Ltd မှ ဝန်ထမ်းများအတွက် စိတ်လက်အပန်းဖြေစရာ ခရီးစဥ်လေးကို ဖန်တီးပေးခဲ့ဖြစ်ပါတယ် ။
ဒီနှစ်ရဲ့ အစီအစဥ်လေးကတော့ အေးချမ်းလှပတဲ့ တောင်ပေါ်ဒေသ အလှတရားများနှင့် စုံလင်လှတဲ့ အင်းလေး-ပင်းတယ-ရွာငံ-ကလောမြို့များသို့ သွားရောက်လည်ပတ်မည့် ခရီးစဥ်ကို ရွေးချယ်ဖြစ်ခဲ့ပါတယ် ။
(၄-၄-၂၀၂၃) နေ့ ညနေ (၄) နာရီတွင် ရန်ကုန်မြို့မှ စတင်ထွက်ခဲ့ပြီး (၅-၅-၂၀၂၃) နေ့ နံနက် (၉) နာရီခန့်တွင် အင်းလေးကန်သို့ ရောက်ရှိခဲ့ပါတယ် ။ အင်းလေးရှုခင်းများကို ခံစားရင်း စက်လှေ စီးကာ တည်းခိုမည့် ဟိုတယ်သို့ သွားရောက်ခဲ့ပါသည် ။ ခဏတာ အနားယူရင်း အင်းလေးကန်ရှိ တန်ခိုးကြီးလှသော ဖော်တော်ဦးဘုရား ၊ အလိုတော်ပေါက်ဘုရားများနှင့်အတူ ၊ ဒေသဗဟုသုတများ ရရှိစေရန် အလို့ငှာ ရက္ကန်းရုံ ၊ ဆေးလိပ်ခုံ ၊ ပဒေါင်းအိမ်စသည့် နေရာများသို့ သွားရောက်လေ့လာခဲ့ပါသည် ။ ညနေပိုင်းမှာတော့ စိတ်လက်အပန်းဖြေစရာ ကာရာအိုကေ အစီအစဥ်များနှင့် ဧပြီလ မွေးဖွားသူများအတွက် မွေးနေ့ပါတီကို ကျင်းပပြီး တစ်ရက်တာ ကုန်ဆုံးခဲ့ပါသည် ။
(၆-၄-၂၀၂၃) နေ့မှာ အင်းလေးကန်ဆီမှ ပြန်ထွက်လာခဲ့ပြီး ပင်းတယ လှိုက်ဂူတော် ၊ ရှမ်းစာရွက် ထုတ်လုပ်သည့်နေရာများသို့ သွားရောက်လေ့လာ အပန်းဖြေခဲ့ပါတယ် ။ ထို့နောက် ရေပြာအိုင် နှင့် … သို့ သွားရောက် လည်ပတ်ခဲ့ပြီး ကလောမြို့သို့ ပြန်လည်ရောက်ရှိကာ အိပ်စက် အနားယူခဲ့ကြပါသည် ။
(၇-၄-၂၀၂၃) နေ့တွင် ကလောမြို့ အနီးတဝှက်ရှိ မြင်းမထိဂူ ၊ အိုးစည်တောင်သို့ သွားရောက်လေ့လာ ကာ အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးရင်း ၊ အိမ်ပြန်အမှတ်တရ လက်ဆောင်များ ဝယ်ယူ၍ ရန်ကုန် မြို့တော်ကြီး သို့ ပြန်လည် ထွက်ခွါ လာခဲ့ကြပါသည် ။
ဒေသန္တရ ဗဟုသုတများကို လေလာခံစားရင်း တစ်နှစ်တာ လုပ်ငန်းဆောင်တာများ လုပ်ဆောင်ခဲ့ရလို့ ပင်ပန်း နွမ်းနယ်သမျှကို စိတ်လက် အပန်းဖြေရင်း ပျော်ရွှင်စွာ ခရီးသွားခဲ့ကြသည့် မှတ်တမ်းဓါတ်ပုံများနှင့် တကွ Annual Staff Trip 2023 အား မှတ်တမ်းတင်အပ်ပါသည် ။